ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ ကူညီပံ့ပိုးပေးဖိုအသင့်ရှိတယ်လို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။မတ်လ၁၅ရက်က ရန်ကုန်မြိုမှာကျင်းပတဲ့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်-၂၀၂၅မှာ ဒေါက်တာကံဇော်က အခုလိုပြောကြားလိုက်တာပါ။

ရန်ကုန်တိုင်းဒေသကြီးဟာ နိုင်ငံရဲ့ စီးပွားရေးမောင်းနှင်မှုအတွက် အရေးပါတဲ့ ဒေသတစ်ခုဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံဖို အကောင်းဆုံးဒေသတွေထဲကတစ်ခုဖြစ်တယ်လို ဆိုပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စတင်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တိုင်း/ပြည်နယ်အစိုရအဖွဲတွေရဲ့ ပံ့ပိုးကူညီမှုက အရေးကြီးတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ ကူညီပံ့ပိုးပေးဖို အသင့်ရှိတယ်လို ဒေါက်တာကံဇော်က ပြောပါတယ်။ဒီဖိုရမ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုမိုဖွံဖြိုးတိုးတက်လာစေဖိုနဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို၊ ပြည်တွင်းMSMEလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေအကြား ဆက်သွယ်ချိတ်ဆက်လာနိုင်စေဖိုရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို သိရပါတယ်။