နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဘယ်လာရုစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E Mr.Maxim Ryzhenkov ကို ဇန်နဝါရီ(၉)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနဲ့ဘယ်လာရုစ်နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနဲ့ကုန်သွယ်မှုတွေမြှင့်တင်ဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ကာကွယ်ရေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်တွေ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လုပ်ဆောင်သွားမယ့်အခြေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်နေတဲ့ အခြေအနေ တွေ၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ဆေးဝါး၊ စက်မှုနဲ့ခရီးသွား အစရှိတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တွေ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေ တွေ၊ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမက်ဆင်ရူဇန် ကော့ဗ်ဟာ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက လည်း နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။