မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာရေးကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဇန်နဝါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒေါက်တာ မိုဟာမက်မွန်(န)ဝါဟူစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာတော့ စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွား လာရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစီအစဉ်သစ်တွေကို ရှာဖွေဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာ လာရေး အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။