စင်ကာပူစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Sembcorp က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာရှိတဲ့ သူတို့ရဲ့ ဓာတ်အား ပေးစက်ရုံကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ဩဂုတ် ၁၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
လက်ရှိနယ်မြေ အခြေအနေတွေကြောင့် အခုလို ယာယီရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတွေရဲ့ ဘေးကင်း လုံခြုံမှုဟာ Sembcorp ရဲ့ အဓိက ဦးစားပေးဖြစ်ပြီး အခုလို ယာယီရပ်ဆိုင်းဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း(EPGE)ရဲ့ ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြေအနေတွေ လုံခြုံတည်ငြိမ်သွားပြီဆိုရင် လုပ်ငန်းတွေပြန်လည်စတင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Sembcorp ဟာ ၂၀၁၈ ခုနှစ်ကစပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့တာ ဖြစ်ပြီး တစ်ရက်ကို လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။