ဗြိတိန်နဲ့ အရေးပါတဲ့ ကုန်သွယ်ရေး သဘောတူညီမှု တစ်ရပ်ကို ဒီနေ့ ကြာသာပတေးနေ့မှာ ကြေညာမယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောကြားခဲ့တယ်လို့ CNN က ဖော်ပြပါတယ်။ အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းက စီးပွားရေးအင်အားစုတွေကို အလေးအနက် ထိခိုက်စေထားတဲ့ သမိုင်းဝင်ကုန်သွယ်ခွန်မြှင့်တင်မှုကနေ သက်သာ ရာ ရလာနိုင်တဲ့ အချိုသော သင်္ကတလက္ခဏာတွေထဲက နောက်ထပ်တစ်ခု ဖြစ်လာတယ်လို့ ဆိုပါတယ်။

မနက်ဖြန် ကြာသာပတေးနေ့ မနက် ၁၀ နာရီမှာ ဘဲဥပုံရုံးခန်းမှာ ကြီးမားတဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်မယ်၊ အဲဒီသတင်းစာရှင်းလင်းပွဲက ကြီးမားပြီး မြင့်မြင့်မားမားလေးစားရတဲ့ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေနဲ့ အရေးပါတဲ့ ကုန်သွယ်ရေး သဘောတူညီမှုနဲ့ ပတ်သက်တယ်လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာပေါ်မှာ ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြခဲ့တာလို့ ဆိုပါတယ်။သဘောတူညီမှုတွေလုပ်မယ့် နိုင်ငံတွေအများအပြားထဲက ပထမဆုံးနိုင်ငံ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

သူ့ရဲ့ Post ထဲမှာ ဘယ်နိုင်ငံဆိုတာ ပြောမသွားပေမယ့် ညှိနှိုင်းမှု လုပ်ဆောင်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဗြိတိန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့အထဲက တစ်နိုင်ငံဖြစ်ဖို့ သူ့ရဲ့ အစိုးရအဖွဲ့က အကြံပြုထားတာ ရှိနေပါတယ်။ ထရမ့်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အီတာ နာဗားရို ကတော့ ကုန်သွယ်ရေးသဘောတူညီမှု ပထမဆုံး လုပ်မှာ က ဗြိတိန် ဖြစ်နိုင်တယ်လို့ CNN ကို အင်္ဂါနေ့က ပြောထားပါတယ်။