စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ဓာတ်မြေဩဇာတင်သွင်းတဲ့ကုမ္ပဏီတွေကို ထိုင်းဘတ် ၆၉ သန်းနဲ့ တရုတ်ယွမ် ၉ သန်း ဩဂုတ် ၁ ရက်မှာ ရောင်းချပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ Fx Trading Platform ကတစ်ဆင့် ရောင်းချပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို နိုင်ငံခြားငွေတွေ တရားဝင်ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့လည်း နိုင်ငံခြားငွေဝယ်ယူရေးအခက်အခဲကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်နဲ့ တရုတ်ယွမ် ၅ သန်းရောင်းချပေးခဲ့ပါတယ်။