မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်ကို ငွေလဲနှုန်း ၃၅၈၅ ကျပ်နဲ့ Online Trading Platform ကတစ်ဆင့် ဒီဇင်ဘာ ၂ ရက်က ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာပဲ တရုတ်ယွမ် ငွေ ၁ သန်းခွဲနီးပါးကို ငွေလဲနှုန်း ၅၃၃ ဒသမ ၆ ကျပ်၊ ထိုင်းဘတ်ငွေ ၁၀၇ သန်းကျော်ကို ငွေလဲနှုန်း ၁၂၉ ကျပ်နဲ့ ထုတ်ရောင်းပေးခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုဒီဇင်ဘာ ၃ ရက် ပြင်ပပေါက်ဈေးတွေအနေနဲ့ အမေရိကန်တစ်ဒေါ်လာကို ၄၃၅၀ ကနေ ၄၄၅၀ ကြား၊ တရုတ် ယွမ်ငွေ တစ်ယွမ်ကို ၆၀၅ ကျပ်၊ ထိုင်းဘတ်ငွေ ပြင်ပပေါက်ဈေးအနေနဲ့ ဘတ်ပေးကျပ်ယူဆိုရင် တစ်ဘတ်ကို ၁၂၄ ဒသမ ၂ ကျပ်၊ ကျပ်ပေးဘတ်ယူဆိုရင် တစ်ဘတ်ကို ၁၂၉ ဒသမ ၈၇ ကျပ်ရှိတယ်လို့ ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပြီး ကျပ်ပေးဘတ်ယူငွေလဲနှုန်းက ဗဟိုဘဏ်က ထုတ်ရောင်းပေးတဲ့ ငွေလဲနှုန်းနဲ့ အတူတူနီးပါး ရှိနေတာကို ဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။