မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း ၃၄၄၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၃၁ သန်းကို ဩဂုတ် ၂၂ ရက်က ထပ်မံ ထုတ်ရောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၂၂ ရက် တစ်ရက်တည်းမှာပင် ဗဟိုဘဏ်ရဲ့ရောင်းချပေးမှုအပါအဝင် အမေရိကန်ဒေါ်လာ ၄၄ သန်း ကျော်အတွက် လွှဲပြောင်းမှု ၁၆၃ ကြိမ်ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် တစ်ဒေါ်လာ ၃၄၀၀ ကျပ်နဲ့ ဩဂုတ် ၁၅ ရက်က ဒေါ်လာ ၉ သန်းကျော်နဲ့ ဩဂုတ် ၁၉ ရက်ကတစ်ဒေါ်လာ ၃၄၁၀ ကျပ်နဲ့ ဒေါ်လာ သန်း ၉၀ နီးပါး ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ပါတယ်။