မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း နဲ့ စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ ၇ သန်းကို ထုတ်ရောင်းပေးမယ်လို့ စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ အခု စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ရောင်းချပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ရောင်းပေးခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထား ကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ ဒေါ်လာတွေ ဆက်တိုက် ထုတ်ရောင်းပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။