မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ အဆောာက်အဦတွေ အမြန်ဆုံး တည်ဆောက်နိုင်ဖို့အတွက် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံတွေ အမြန်ဆုံးလည်ပတ်ဖို့ လိုအပ်တယ်လို့ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ဧပြီ ၈ ရက်မှာ ကျောက်ဆည်မြို့နယ်ရှိ ဘိလပ်မြေစက်ရုံတွေကို သွားရောက်ညှိနှိုင်းစဉ် ပြောကြားခဲ့ပါတယ်။ သွားရောက်ညှိနှိုင်းရာမှာ လျှပ်စစ်မီး အမြန်ဆုံး ရရှိနိုင်မှု၊ ပျက်စီးခဲ့တဲ့ ဘိလပ်မြေ စက်ရုံသုံး စက်ပစ္စည်း အမြန်ဆုံး အစားထိုးနိုင်မှုနဲ့ အဆောက်အအုံ ပြုပြင်တာ စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်ကြဖို့နဲ့ စက်ရုံပြုပြင်ရေးနဲ့ ပတ်သက်ပြီး အခြား လိုအပ်ချက်တွေကိုလည်း စက်ရုံတာဝန်ခံတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက် ရာမှာ ဘိလပ်မြေစက်ရုံတွေရဲ့ အခန်းကဏ္ဍက လွန်စွာအရေးကြီးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးလို့ ရပ်နားထားရတဲ့ စက်ရုံတေါကတော့ ဆင်မင်း(၃)ဘိလပ်မြေစက်ရုံ၊ အယ်ဖာ ဘိလပ်မြေစက်ရုံနဲ့ ကြံနှစ်ကောင် ဘိလပ်မြေစက်ရုံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် ဘိလပ်မြေလိုအပ်ချက်ဟာ တန်ချိန်(၁၀)သန်း ကျော်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုက တန် ချိန် (၈)သန်းအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ငလျင်ကြီးကြောင့် ပျက်စီးဆုံးမှုတွေကို အမြန်ဆုံး ပြန်လည်တည် ဆောက်ဖို့အတွက် ဘိလပ်မြေ လိုအပ်ချက်တွေက ပုံမှန်နှစ်စဉ်လိုအပ်ချက်ထက် ၁၀ ဆမက လိုအပ်ချက် ရှိလာနိုင် တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။