၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၉ လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့ခဲ့တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ပြည်ပနိုင်ငံတွေကို ၂၀၂၄ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ဆန်နဲ့ဆန်ကွဲတန်ချိန် ၂ သန်း ၃ သောင်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၄၈ သန်း ရရှိခဲ့ပါတယ်။ တင်ပို့ရာမှာတော့ ဆန်ကို အင်ဒိုနီးရှားနဲ့တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့တာဖြစ်ပြီး ဆန်ကွဲကိုတော့ တရုတ် နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းကတော့ ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၃ သိန်းကျော် တင်ပို့ ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၄၅ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအင်းချုပ်ကနေ သိရပါတယ်။