၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၃ ခု ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
၇ လတာကာလအတွင်း ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ၁ ခု၊ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ လုပ်ငန်း ၂၈ ခု၊ စွမ်းအင်ကဏ္ဍမှာ ၂ ခု၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ ၁ ခုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၁ ခု ဝင်ရောက်ခဲ့တာ ပါ။ အဲဒီလုပ်ငန်းကဏ္ဍတွေကို တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံ တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
အခုဘဏ္ဍာနှစ် အတွင်းမှာ စင်ကာပူရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏက အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တုန်း ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၆၀ ကျော် ဝင်ရောက်ခဲ့ တယ်လို့ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ကနေ သိရပါတယ်။