ပြည်ပကနေတင်သွင်းလာတဲ့ ဘိလပ်မြေ ၃၀၁၀ တန် ရန်ကုန်မြိုကို ထပ်မံရောက်ရှိထားတယ် လို သိရပါတယ်။

ပြည်ပကနေ ဘိလပ်မြေတန်ချိန် ၃၀၀၀ ကျော် တင်ဆောင်လာတဲ့ ရေယာဉ်ဟာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရန်ကုန်မြိုက ရွှေပြည်သာရွှေမဲဆိပ်ကမ်းကို ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာတာဖြစ်ပါတယ်။

အခုအခါမှာတော့ အဲဒီဘိလပ်မြေတွေကို ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေပြီဖြစ်တယ်လို သိရပါတယ်။

လက်ရှိမှာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ဘိလပ်မြေတင်ရေယာဉ်တွေ ရန်ကုန်ကို ဆက်တိုက်ရောက်ရှိနေပါတယ်။
ဒါ့အပြင် ပြည်ပကနေဘိလပ်မြေတင်ဆောင်တဲ့ ရေယာဉ်တွေက အပတ်စဉ် ဆက်လက်ရောက်ရှိလာဖိုရှိနေတယ်လို သိရပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအပြင် ပွင့်လင်းရာသီဖြစ်တဲ့အတွက် နိုင်ငံတစ် ဝန်း ဆောက်လုပ်ရေးလုပ်ငန်းတွေက အားကောင်းနေတယ်လို သိရပါတယ်။
အဲဒီတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ပြည့်မီဖို နဲ့ ပြည်တွင်းဘိလပ်မြေ ထုတ်လုပ်မှုကို အင်အားဖြည့်နိုင်ဖို ပြည်ပကနေ ဘိလပ်မြေတင်သွင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။