၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လေးလတာကာလအတွင်းမှာ ပြည်ပကို ငါးမျိုးစုံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေသိရပါတယ်။
အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇူလိုင်လကုန်အထိ ပြည်ပကို ငါးတန်ချိန် ၈၈၀၀၀ နီးပါး တင်ပို့ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၈၈ သန်း ရရှိထားတာဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေ ပြည်ပကို ငါးမျိုးစုံအပါအဝင် ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်ပို့နေတာပါ။
အခုဘဏ္ဍာနှစ် တစ်နှစ်တာအတွင်းမှာတော့ ပြည်ပကို ရေထွက်ကုန်တင်ပို့မှုကနေ ဒေါ်လာ ၈၀၅ သန်းရဖို့ မျှော်မှန်းထားတယ်လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေသိရပါတယ်။