ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရဲ့တောင်ဘက် တပေါင်းကွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်က စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေး ခဲ့ပါတယ်။

အခုပြပွဲမှာ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်ပြခန်းတွေအပါအဝင် စုစုပေါင်းပြခန်း ၉၆ ခန်း ပြသထားပါတယ်။MSME ထုတ်ကုန်ပြိုင်ပွဲမှာလည်း ဆုအမျိုးအစားပေါင်း ၃၁ မျိုးကို Digital Money နဲ့ချီးမြှင့်မှာဖြစ်ပြီး ဆုရရှိသူ တွေအနေနဲ့ Digital Money ကနေ ငွေသားချက်ချင်းထုတ်ယူနိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အခုကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွား မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။