ပြည်တွင်းမှာရှိတဲ့ ဆီစက်တွေကနေ တစ်လကို စားသုံးဆီတန်ချိန် ၆ သောင်းလောက်ထုတ်လုပ်နိုင်တယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုဥက္ကဌ(၁) ဦးထွန်းထွန်းဦးက One News ကိုပြောပါတယ်၊၊

ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က တစ်လကို တန်ချိန် ၁ သိန်းလောက်လိုတာဖြစ်တဲ့အတွက် ပြည်ပကနေ လစဉ် တန်ချိန် ၅သောင်းလောက်တင်သွင်းနေရတယ်လို့ ဆိုပါတယ်။၊ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက်ဆိုရင် အဓိကအရေးကြီးဆုံးအချက်က ဆီထွက်သီးနှံတွေကို တိုးမြှင့်ထုတ်လုပ်နိုင်ဖို့လိုအပ်တယ်လို့ ဦးထွန်းထွန်းဦးက ပြောပါတယ်၊၊

လက်ရှိမှာ ဆီထွက်သီးနှံထွက်ရှိမှုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တင်းပေါင်းသန်း၂၀၀ လောက်ထွက်ရှိပြီး အဲ့ဒီအထဲကမှ ၇၀ ရာခိုင်နှုန်းကို စားသုံးဆီထုတ်လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။တစ်နိုင်ငံလုံးမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆီစက်ပေါင်း ၃ ထောင်ကျော်ရှိပြီး မှတ်ပုံမတင်ထားတဲ့ ဆီစက်တွေနဲ့ ကျေးလက်ဒေသက ဆီစက်တွေနဲ့ ပေါင်းရင်တော့ ၅ ထောင်နီးပါးလောက်ရှိတယ်လို့လည်း သိရပါတယ်၊၊