နေပြည်တော်နဲ့ မန္တလေးမြို့မှာ ဇန်နဝါရီ ၄ ရက်က နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင် ဖွင့်လှစ်ပြီး ပြည်တွင်း ထုတ်ဓာတ်ဆီ(Ron-68)တွေ စတင်ရောင်းချနေပြီဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။

ပြည်တွင်းထုတ်ဓာတ်ဆီ(Ron-68)တွေကို နေပြည်တော်မှာတစ်ဆိုင်၊ မန္တလေးမြို့မှာ နှစ်ဆိုင်ဖွင့်လှစ်ပြီး တစ်လီတာကို ၂၂၀၀ ကျပ်နှုန်းနဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တွေကို ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးက နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်နဲ့ ရှမ်းပြည်နယ်က နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တို့မှာလည်း အခု ဇန်နဝါရီလထဲမှာ ပြည်တွင်းထုတ်ဓာတ်ဆီတွေ ဖြန့်ဖြူး ရောင်းချနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိပြည်တွင်းမှာ သန်လျင်ရေနံချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံနဲ့ သံပရာကန်ရေနံချက်စက်ရုံတွေကနေ စက်သုံးဆီတွေကို ထုတ်လုပ်ပေးနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။