မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ပို့ကုန်အဖြစ်တင်ပို့မှုမှာ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင် နိုဝင်ဘာလအထိ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၈၂၅ ဘီလံယံ တင်ပို့နိုင်ခဲ့တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။နေပြည်တော်တွင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှာကျင်းပခဲ့တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

အခုတင်ပို့မှုထက် မြင့်မားလာစေဖို့အတွက် ယခုဘဏ္ဍာနှစ်(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေကို ထိထိမိမိဆောင်ရွက်နိုင်ရန် နှင့် သွင်းအားစုများ ၊ တိရစ္ဆာန်အစားအစာများကိုလည်း သက်ဆိုင်ရာဌာနများအနေနဲ့ အချိန်မီရရှိနိုင်ရေး ၊အရည်အသွေးမီ အဆင့်အတန်းရှိတဲ့ကုန်ကြမ်းပစ္စည်းရရှိရေးကို စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာယခင်ဘဏ္ဍာနှစ် ဖြစ်တဲ့ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်မှာ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ (၁၄)ဒသမ (၆၁၄)ဘီလီယံ တင်ပို့နိုင်ခဲ့တာပါ။ တင်ပို့နိုင်ခဲ့တဲ့ ပို့ကုန်တွေမှာ အဓိက အဖြစ် ဆန်၊ဆန်ကွဲ၊ပြောင်း၊မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ကြက်သွန်၊ ရာဘာစိမ်း၊ ရေထွက်ပစ္စည်းများနှင့် သတ္တုတွင်း ထွက်ပစ္စည်းများကို တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။