စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲအာဇိုဇော့ဖ်နဲ့ ဩဂုတ် ၂၇ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်း အမြန်ဆုံး ပြီးစီးလည်ပတ်နိုင်ရေးအတွက် စာချုပ်မူဘောင် လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေး ညှိနှိုင်းခဲ့ပါတယ်။
တွေ့ဆုံရာမှာတော့ စက်ရုံလည်ပတ်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ ပေးရေးနဲ့ အပြီးသတ် ဆွေးနွေးညှိနှိုင်းမှု ပြီးစီးရင် မူဘောင်စာချုပ်လက်မှတ်ရေးထိုးရေး ဆွေးနွေးခဲ့ပါတယ်။
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းလုပ်ငန်းတွေ အမြန်ဆုံး ပြီးစီးဖို့အတွက် ရုရှားနိုင်ငံက ကူညီ ဆောင် ရွက်ပေးဖို့ကိုလည်း ဆွေးနွေးခဲ့
ပါတယ်။
စက်မှုဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံ TPE ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသမှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။