နေပြည်တော်က နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်နဲ့ မန္တလေးက နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်နှစ်ဆိုင်မှာ ပြည်တွင်းထုတ်ဓာတ်ဆီတွေကို ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
အဲ့ဒီနိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်သုံးဆိုင်မှာ ပြည်တွင်းထုတ်ဓာတ်ဆီကို ၂၀၂၅ခုနှစ် ဇန်နဝါရီ၄ရက်ကစပြီး ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးက နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်နဲ့ ရှမ်းပြည်နယ်က နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တို့မှာလည်း ဇန်နဝါရီလထဲမှာ ပြည်တွင်းထုတ်ဓာတ်ဆီတွေ ဖြန့်ဖြူးရောင်းချနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိပြည်တွင်းမှာ သန်လျင်ရေနံချက်စက်ရုံ၊ ချောက်ရေနံချက်စက်ရုံနဲ့ သံပုရာကန်ရေနံချက်စက်ရုံတွေကနေ စက်သုံးဆီတွေကို ထုတ်လုပ်ပေးနေတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။