၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
အခုဘဏ္ဍာနှစ် ဧပြီလကနေဇူလိုင်လကုန်အထိ လေးလအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့နိုင်ငံတွေကတော့ စင်ကာပူက ဒေါ်လာ ၈၇ သန်းကျော်၊ တရုတ်က ဒေါ်လာ ၃၄ သန်းကျော်၊ အင်ဒိုနီးရှားကဒေါ်လာသန်း ၂၀ ကျော်ဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့ ကဏ္ဍတွေကတော့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့စွမ်းအင်ကဏ္ဍတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၆၆၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၆၄၀ ကျော် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။