ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၃ ရက် မှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလ ၃ ရက်နဲ့ ၄ ရက်မှာ အစည်းအဝေး တက်ရောက် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အစိုးရအဖွဲ့အကြီး အကဲတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံမှာ ငလျင်သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။