ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသားတွေကို အမည်ခံအဖြစ် အသုံးပြုပြီး နိုင်ငံခြား သားလုပ်ငန်းရှင်တွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရှိန်မြှင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း The Nation Thailand သတင်းမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံသား အမည်ခံတွေကို အသုံးပြုမှု အများဆုံး ကဏ္ဍတွေဖြစ်တဲ့ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးလုပ်ငန်း၊ အိမ်ခြံမြေ (အထူးသဖြင့် မြေနဲ့ လုံးချင်းအိမ်) ရောင်း ဝယ်ရေး၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နဲ့ အပန်းဖြေ စခန်း၊ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း အစရှိတဲ့ ကဏ္ဍ ၆ ခုကို ဦးတည်စစ်ဆေးပြီး အရေးယူသွားမယ်လို့ ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Department of Business Development ခေါ် DBD ဟာ လုပ်ငန်းအဖွဲ့အစည်း ၄၆,၉၁၈ ခုကို စစ်ဆေးဖို့ စီစဉ်ထားပြီး အထူးသဖြင့် နိုင်ငံခြားသား ဝေစုရှယ်ယာ ၀ ဒသမ ၀၉ ရာခိုင်နှုန်းကနေ ၄၉ ဒသမ ၉ ရာခိုင်နှုန်း အထိ ပါဝင်တဲ့ လုပ်ငန်းတွေကို ဦးစားပေးစစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။