ရန်ကုန်ကနေ ထိုင်းနိုင်ငံရနောင်းမြို့အထိ ကုန်သွယ်မှုလမ်းကြောင်းအသစ်ဖြစ်တဲ့ ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာ စနစ်နဲ့ ကုန်စည်သယ်ယူပို့ဆောင်မှုကို ဇွန်လ၂၈ရက်ကစပြီး ဆောင်ရွက်တော့မှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
လက်ရှိမှာတော့ ရန်ကုန်ဆိပ်ကမ်းကနေ MV. Beypore Sultanသင်္ဘောနဲ့ ပြောင်းဆန်တွေသယ်ဆောင်ပြီး ထိုင်းနိုင်ငံရနောင်းမြို့ကို ဇွန်လ၂၈ရက်မှာ ထွက်ခွာဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အပြန်မှာ ရနောင်းဆိပ်ကမ်းကနေ သွင်းကုန်ပစ္စည်းတွေ ပြန်လည်တင်ဆောင်လာမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ အခုစတင်ဆောင်ရွက်မယ့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းအသစ်ကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်တယ်လို့ အသိပေးထားပါတယ်။