အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် စီးပွားရေးထိခိုက်မှာကို စိုးရိမ်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် Kevin Thozet က ပြောကြားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ရေးသားထားပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ကမ္ဘာတစ်ဝန်းရှိ သမိုင်းဝင် စတော့ ရှယ်ယာဈေးကွက်လမ်းကြောင်းက အမေရိကန် ဒေါ်လာ ၁၀ ထရီလီယံကျော် ကျဆင်းသွားနိုင်ချေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။S&P 500 စတော့အညွှန်းကိန်းကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကာ ဒုတိယကမ္ဘာစစ်အပြီး အဆိုးဆုံးကျဆင်းမှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် စတော့ရှယ်ယာတွေ ဆက်လက်ကျဆင်းဖို့ရှိနေပြီး ကုမ္ပဏီတွေအတွက် ချေးယူစရိတ်တွေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် Kevin Thozet က ပြောကြားထားပါတယ်။ ပြင်းထန်တဲ့ စတော့ဈေးကွက် ဆုံးရှုံးမှုကြောင့် အမေရိကန်အိမ်ထောင်စုတွေရဲ့ ကြွယ်ဝချမ်းသာမှုကို ထိခိုက်စေ မယ့်အပြင် စားသုံးသူအသုံးစရိတ်နဲ့ စီးပွားရေးတိုးတက်မှုကိုလည်း သက်ရောက်မှုရှိမယ်လို့ ခန့်မှန်းထားပါတယ်။