လက်ရှိမှာ ထရမ့်က တရုတ် အပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်ခံလိုက်တဲ့အတွက် Apple Device တွေရဲ့ ဈေးနှုန်းတွေဟာ မြင့်တက်သွားနိုင်ပါတယ်။ ဒါမှမဟုတ် Apple ဟာ အမြတ်ငွေကို လျှော့ချပြီး ရောင်းချမလားဆိုတာကိုတော့ သေချာ မသိရသေးပါဘူး။

Apple ဟာ တရုတ်နိုင်ငံမှာ iPhone, iPad, Mac နဲ့ တခြားထုတ်ကုန်အများစုကို ထုတ်လုပ်နေတာပါ။Apple က ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ထုတ်လုပ်တဲ့ လုပ်ငန်း တချို့ကို အိန္ဒိယကို ပြောင်းရွှေ့နေတယ်လို့သိရပါတယ်။Apple ဟာ လက်ရှိ အိန္ဒိယ မှာ iPhone တွေ ထုတ်လုပ်နေပြီး အခုတော့ iPhone Pro မော်ဒယ်တွေကိုပါ ထုတ်လုပ်နေပါတယ်။

ဒါ့အပြင် iPhone 17 Series ကိုလည်း အိန္ဒိယမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏိ အမှုဆောင်အရာရှိချူပ်ကပြောပါတယ်။ဒါပေမယ့် Apple ဟာ ဒီနှစ်ကုန်မှာ ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းကို အိန္ဒိယကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် တရုတ်က လုပ်ငန်းတွေဟာ ထရမ့်ရဲ့ အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုကို လက်ခံကြရမှာ ဖြစ်ပါတယ်။