တရုတ်နိုင်ငံကို ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုတဲ့ ကုမ္ပဏီတွေအနေနဲ့ စိတ်ဝင်စားမှု အဆို ပြုလွှာ တင်ပြလျှောက်ထားနိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံကို ဆန်/ဆန်ကွဲ တင်ပို့လိုတဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံ ချုပ်ဆိုထားတဲ့ အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုတဲ့ ကုမ္ပဏီအသစ်တွေအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှာ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကို ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှာလည်း Hard Copy/Soft Copy (Word File) တွေနဲ့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး အဆိုပြု တင်ပြလျှောက်ထားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။