မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၂၀၂၄ ESG အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။အဲဒီအစီရင်ခံစာမှာ စီမံကိန်းစတင်တည်ဆောက်ချိန်ကစပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ လူမှုစီးပွားတာဝန်ယူ မှုဆိုင်ရာဆောင်ရွက်ချက်တွေကို အထူးပြုဖော်ပြထားပြီး ဒေသတွင်းလူ့အဖွဲ့အစည်း ၊ သဘာဝပတ်ဝန်းကျင် ၊ ဂေဟစနစ်၊ စီးပွားရေးတို့နဲ့ပတ်သက်ပြီး မြှင့်တင်မှုတွေအပေါ် အဓိကထားရေးသားထားပါတယ်။

ဒီအစီရင်ခံစာဟာ စီမံကိန်းရဲ့ ဆယ်နှစ်ကျော်ကြာ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းရဲ့ အရေးကြီးတဲ့ ရလဒ်တစ်ခုဖြစ်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်မှု ၊ ပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် လေးနက်တဲ့ကတိကဝတ်ဖြစ်တယ်လို့ အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက် လိုင်းကုမ္ပဏီ လီမိတက် ရဲ့ Vice President မစ္စတာလီဟိုင်ဖျင် က ပြောပါတယ်။

“ အခုတစ်ကြိမ်ထုတ်ပြန်တဲ့အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်ပြန်တဲ့ ESG အစီရင်ခံ စာဖြစ်ပြီး မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ ကော်ပိုရိတ်တွေထဲက ပထမဆုံး ESG အစီရင်ခံစာ ထုတ်ပြန်တဲ့ ကုမ္ပဏီဖြစ်တယ် “ လို့ မစ္စတာလီဟိုင်ဖျင် က ပြောပါတယ်။လက်ရှိအချိန်အထိ CNPC နဲ့ SEAGP \ SEAOP တို့က တစ်ဆင့် ပရဟိတနဲ့ လူမှုဖူလုံရေးလုပ်ငန်းတွေအတွက် စုစု ပေါင်း အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် အသုံးပြုထားပြီး ပိုက်လိုင်းတစ်လျှောက်မှာ ပရဟိတနဲ့ လူမှုဖူလုံရေး လုပ်ငန်းပေါင်း ၄၃၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့မှာ စတင်လည် ပတ်ခဲ့ပါတယ်။မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ နိုင်ငံ ၄ နိုင်ငံက ကုမ္ပဏီ ၆ ခု အကျိုးတူပူးပေါင်း ဆောင်ရွက်ကြတဲ့ အပြည်ပြည်ဆိုင်ရာစီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ( SEAGP) က မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကိုတာဝန်ယူဆောင်ရွက်နေပြီး အရှေ့တောင်အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP )က မြန်မာ- တရုတ်ရေနံ ပိုက်လိုင်းကို တာဝန်ယူဆောင်ရွက်နေပါတယ်။

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ တစ်နှစ်ကို သဘာဝဓာတ်ငွေ့ကုဗမီတာ ၁၂ ဘီလီယံပို့ဆောင်နိုင် မှာဖြစ်ပြီး Process Station ၆ ခု တည်ဆောက်ထားတယ်လို့ သိရပါတယ်။Process Station ၅ ခု နဲ့ တန်ချိန် ၃ သိန်းအဆင့်ရှိတဲ့ ရေနံဆိပ်ကမ်းတစ်ခုကိုအသုံးပြုပြီး မြန်မာ-တရုတ် ရေနံပိုက် လိုင်းနဲ့ တစ်နှစ်ကို ရေနံစိမ်းတန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မှာဖြစ်ပါတယ်။အဲဒီ အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက တာဝန်ရှိသူတွေ အပါအဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။