တရုတ်နိုင်ငံကို MoU စနစ်နဲ့ မြန်မာအလုပ်သမားတွေ စေလွှတ်နိုင်ဖို့ ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တဲဟုန်ပြည်နယ်ခွဲ အစိုးရအဖွဲ့အနေနဲ့ MoU စနစ်နဲ့ တရားမဝင် အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေနဲ့ တရားမဝင်ရောက်ရှိလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေး ပြည့်ဝစွာရရှိနိုင်ဖို့ ကူညီကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အလုပ်သမား ပူးပေါင်းဆောင် ရွက်မှုတွေ ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လက အေဂျင်စီတချို့က တရုတ်နိုင်ငံကို MoU စနစ်နဲ့ အလုပ်သမားစေလွှတ်တာရှိခဲ့ပေမယ့် အခက်အခဲ တချို့ကြောင့် ထပ်မံစေလွှတ်တာမျိုး မရှိသေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သလို လုပ်ခလစာ ယွမ် ၁၇၀၀ ကိစ္စ ကိုလည်း ပြန်လည်ညှိနှိုင်းနေတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် အေဂျင်စီ ဥက္ကဋ္ဌ ဦးချားလ်မျိုးသန့်က ပြောပါတယ်။
မူလညှိနှိုင်းထားတဲ့ လုပ်ခလစာ ယွမ် ၁၇၀၀ ဟာ ဒီဇင်ဘာ၂၆ ရက် ဗဟိုဘဏ်ရောင်းချပေးတဲ့ ငွေလဲနှုန်း ၅၃၇ ဒသမ ၄ ကျပ်နဲ့ တွက်ကြည့်ရင် မြန်မာငွေကျပ် ကိုးသိန်းကျော် ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ တဲဟုန်ပြည်နယ် ခွဲကို မြန်မာအလုပ်သမားတွေ MoU စနစ်နဲ့ တရားဝင်စေလွှတ်နိုင်ဖို့အတွက် တဲဟုတ်ပြန်နယ်ခွဲအစိုးရနဲ့ အလုပ် သမားရေးရာပူးပေါင်းဆောင်ရွက်မယ့် နားလည်မှုစာချွန်လွှာ MoU ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က တရုတ်ပြည်သူ့သမ္ပတနိုင်ငံ မန်စီမြို့မှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။