(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ တတိယနေ့ကို ဩဂုတ်၁၄ ရက်က နေပြည်တော်မှာရှိတဲ့ မဏိရတနာကျောက်စိမ်းခန်းမမှာ ဆက်လက်ကျင်းပခဲ့ပြီး ပုလဲအတွဲပေါင်း ၁၈၄ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီကနေ သိရပါတယ်။
တတိယနေ့မှာ တင်ဒါအမှတ်(၃)နဲ့ တင်ဒါအမှတ်(၄)တို့က ပုလဲအတွဲပေါင်း၂၃၀အတွက် တင်သွင်းထားတဲ့ ဈေးနှုန်းတင်သွင်းလွှာတွေကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး ပုလဲအတွဲပေါင်း ၁၈၄တွဲ ရောင်းချ နိုင်ခဲ့တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ရောင်းချပွဲစတုတ္ထနေ့ဖြစ်တဲ့ ဩဂုတ် ၁၅ ရက်မှာတော့ တင်ဒါအမှတ်(၅)နဲ့ တင်ဒါအမှတ်(၆)တို့က ပုလဲအတွဲပေါင်း ၂၄၀ ကို ပြည်တွင်း၊ ပြည်ပက ရတနာကုန်သည်တွေကို ဆက်လက်ရောင်းချပေးသွားမှာဖြစ်ပြီး ပုလဲရောင်းချပွဲအတွင်း ပုလဲအတွဲပေါင်း ၇၀၀ ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီကနေသိရပါတယ်။