ဆော်ဒီအာရေဗျနိုင်ငံကို မွေးမြူရေးရေချိုငါးတွေကို တင်ပိုနိုင်ဖိုအတွက် အအေးခန်းစက်ရုံ ၂၁ ခု က ပြင်ဆင်ဆောင်ရွက်နေတယ်လို ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံကို မြန်မာ့မွေးမြူရေးရေချိုငါးတွေ တင်ပိုမယ်ဆိုရင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တစ်ခုဖြစ်တဲ့ အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ် ( Best Aquaculture Practice ) ပါမှ လက်ခံမှာဖြစ်တယ်လို ဆိုပါတယ်။

စက်ရုံ ၂၁ ခုက အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်ထားတဲ့ အခြေအနေတွေကို ဆော်ဒီအာရေဗျနိုင်ငံကို ပေးပိုထားပြီဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ငါးရောဂါတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို တင်ပြဖို စီစဉ်နေတယ်လို ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောပါတယ်။

ငါးကန်တွေအနေနဲ့ ကြက်၊ ဝက်၊ ငါး တွဲဖက်မွေးမြူတဲ့ငါးကန်တွေကငါးတွေကို ဆော်ဒီအာရေဗျနိုင်ငံဘက် ကလက်မခံဘူးလို သိရပါတယ်။
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်ဆိုတာ ရေသတ္တဝါတွေ မွေးမြူထုတ်လုပ်ရာမှာ နိုင်ငံတကာအစား အစာဘေးအန္တရာယ်ကင်းစင်မှုစံချိန်စံညွှန်း စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုမရှိအောင် မွေးမြူထုတ်လုပ်တဲ့ကျင့်စဉ်ဖြစ်တယ်လို သိရပါတယ်။

လက်ရှိမှာ ဆော်ဒီအာရေဗျနိုင်ငံကို မြန်မာ့သဘာဝရေချိုရေငန်ငါးတွေကိုတော့ ပုံမှန်တင်ပိုနေပြီး တင်ပို မှုကနေ တစ်နှစ်ကို ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်ရရှိနေပါတယ်။
မွေးမြူရေးရေချိုငါးတွေကိုပါတင်ပိုနိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်အထိ ရရှိလာမယ်လို ပိုကုန်လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံကငါး ၊ ပုစွန် ၊ ကဏန်း နဲ့ အခြားရေထွက်ကုန်ရေထွက်ကုန် ပစ္စည်းတွေကို ဂျပန် ၊ တရုတ် ထိုင်း ဥရောပနိုင်ငံတွေ အပါအဝင် အခြား နိုင်ငံပေါင်း ၄၀ ကို ငါးသလောက် ၊ ကကတစ် ၊ ငါးမြစ်ချင်း ၊ ငါးခုံးမ ၊ ငါးတန်စတဲ့ ငါးအမျိုးအစားပေါင်း ၂၀ ကျော် တင်ပိုနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ကနေ ဖေဖော်ဝါလအထိ ပြည်ပကို ရေထွက်ကုန်တန်ချိန် ၅သိန်း ၅သောင်းကျော် တင်ပိုခဲ့ပြီး ပိုကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၇၂၂သန်းကျော်ရရှိထား တယ်လို ငါးလုပ်ငန်းဦးစီးဌာန ရဲ့ စာရင်းတွေအရသိရပါတယ်။