ပြည်တွင်းရှိ ဆီစက်လုပ်ငန်းရှင်တွေကို ဆီစက်ချေးငွေထုတ်ပေးရာ ချေးငွေလျှောက်ထားသူထဲက ၂၃ ယောက်ကို သာ ထုတ်ချေးပေးထားသေးတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးထွန်းထွန်းဦးက One News ကို ပြောပါတယ်၊၊
ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု အဖွဲ့အနေနဲ့လည်း အဖွဲ့ပေါင်း(၇)ဖွဲ့နဲ့ ဖွဲ့စည်းပြီး ပြည်တွင်း ဆီစက်လုပ်ငန်းရှင်တွေကို ချေးငွေထုတ်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊လက်ရှိမှာတော့ ဆီစက်ချေးငွေလျှောက်ထားသူဟာ အယောက် ၄၀၀ ကျော်ရှိပြီး အဲဒီထဲကနေ ၂၃ ယောက်ကိုသာ ချေးငွေ ထုတ်ချေးထားတယ်လို့ ဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
နိုင်ငံတော်အနေနဲ့ ဆီစက်လုပ်ငန်းတွေအတွက် ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ငွေကျပ်ဘီလီယံ ၅၀ ချထားပေးထားပြီး ပြည်တွင်းရှိ ဆီစက်တွေမှာ အဆင့်မြင့် စက်ပစ္စည်းတွေ တိုးချဲ့တပ်ဆင်တာ၊ စက်ပစ္စည်းတွေ အဆင့်မြှင့်တင်တာ၊ ခေတ်မီ ဆီစက်အသစ်တွေ ထပ်မံတည်ဆောက်တာတွေအပြင် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်တွေ အတွက် ချေးငွေတွေ ထုတ်ချေးပေးနေတာလို့ ဖြစ်တယ်လို့ သိရပါတယ်။