စားအုန်းဆီ အိမ်အရောက်ဖြန့်ဖြူးရောင်းချရာမှာ မှာယူသူများပြားတဲ့အတွက် ဩဂုတ် ၈ ရက်ကစပြီး Call Center ဖုန်းနံပါတ်တွေကို တိုးချဲ့ပြီး ဆီအမှာစာတွေကို တိုးမြှင့်လက်ခံပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ပါတယ်။ မူလက Call Center ဖုန်းနံပါတ်တွေကို လိုင်းခွဲ ၇ ခုနဲ့ အမှာစာတွေ လက်ခံပေးနေရာကနေ စားသုံးသူတွေ မှာကြားမှု ပိုမိုအဆင်ပြေစေဖို့ ထပ်မံပြီးတယ်လီနောအော်ပရေတာ ဖုန်းနံပါတ် 09-779778887 (လိုင်းခွဲ ၉)ခုနဲ့ ဆီအမှာစာတွေကို ဩဂုတ် ၈ ရက်ကစပြီး အစိုးရရုံးပိတ်ရက်မပါ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ တိုးမြှင့်လက်ခံပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ စားအုန်းဆီတွေဝယ်ယူဖို့ နေ့စဉ်ဆက်သွယ်မှာယူတဲ့သူတွေဟာ တစ်ရက်ကို ရှစ်ထောင်ကနေ ကိုးထောင်ကြားရှိနေတဲ့အတွက် မှာယူသူပြည်သူအချို့မှာ ဖုန်းခေါ်ဆိုတာ ကြန့်ကြာတာ၊ မှာယူမှု ခက်ခဲတာတွေ ကြုံတွေ့နေရတယ်လို့သိရပါတယ်။
စားအုန်းဆီတွေကို အိမ်အရောက်ရောင်းချပေးတာကတော့ အိမ်ထောင်စု တစ်စုအတွက် တစ်လ တစ်ကြိမ် နှစ်ပိဿာနှုန်းနဲ့ ဇူလိုင် ၃၁ ရက်ကစတင်ပြီး ရောင်းပေးနေတာဖြစ်ပါတယ်။