ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာ ဇူလိုင်လ ၅ ရက်မှာ အနည်းငယ်မြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၂၆၈၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၂၈၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၄၈၅ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၂၉၁၅ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ဈေးနှုန်းဟာ ဇူလိုင်လ ၄ ရက်နဲ့နှိုင်းယှဉ်ရင်တော့ 92 တစ်လီတာကို ၃၀ ကျပ်၊ 95 တစ်လီတာကို ၂၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၂၀ ကျပ်လောက် မြင့်တက်လာတာ ဖြစ်ပါတယ်။

နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်း လက်လီ ဈေးကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်မြင့်တက်လာပါတယ်။ စက်သုံးဆီဈေး အနည်းငယ်မြင့် တက်လာပေမယ့် စက်သုံးဆီ ဝယ်ယူမှုတွေကတော့ ပုံမှန် အနေအထားမှာရှိနေတယ်လို့ ရန်ကုန်မြို့က အငှား ယာဉ်မောင်း တစ်ယောက်က ပြောပါတယ်။