ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာ ဇူလိုင်လ ၂၆ ရက်မှာ အနည်းငယ် ကျဆင်းလာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၂၆၃၀ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၂၇၅၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၃၆၅ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၂၇၇၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ ဇူလိုင်လ ၂၅ ရက်နဲ့ နှိုင်းယှဉ်ရင်တော့ 92 နဲ့ 95 တစ်လီတာကို ၅၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာကို ၅၀ ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၆၅ ကျပ်လောက် ကျဆင်းလာတာ ဖြစ်ပါတယ်။
နေပြည်တော်အပါအဝင် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်း လက်လီ ဈေးကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်ကျဆင်းလာပါတယ်။ စက်သုံးဆီဈေး ကျဆင်းလာပေမယ့် စက်သုံးဆီ ဝယ်ယူမှုတွေကတော့ ပုံမှန် အနေအထားမှာရှိနေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း တစ်ယောက်က ပြောပါတယ်။