ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့မှာ အောက်တိန်း 92 နဲ့ 95 ဈေးနှုန်းတွေဟာ နိုဝင်ဘာ ၂၂ ရက်မှာ အနည်းငယ်ကျဆင်းနေတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုလို စက်သုံးဆီဈေးကျဆင်းနေပေမယ့် ကုန်ဈေးနှုန်းကတော့ ကျဆင်းလာ တာမျိုး မရှိသေးဘူးလို့ အိမ်ရှင်မတချို့က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၂၉၅၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၃၁၅၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၂၀ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၅၅ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။ အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ နိုဝင်ဘာ ၂၁ ရက်နဲ့ နှိုင်းယှဉ်ရင် အောက်တိန်း 92 နဲ့ 95 တစ်လီတာကို ၅၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာကို ၄၅ ကျပ်လောက် ဈေးနှုန်းကျဆင်းလာတာဖြစ်ပြီး ပရီမီ ယမ်ဒီဇယ်ဈေးကတော့ ၅၅ ကျပ် ကျဆင်းသွားတာပါ။
လက်ရှိမှာ စက်သုံးဆီဈေးနှုန်းကျဆင်းနေပေမယ့် ကုန်ဈေးနှုန်းကတော့ ကျဆင်းလာတာမျိုးမရှိသေးဘဲ ဈေးနှုန်း တွေက အမြင့်ဘက်မှာရှိနေတာကြောင့် ကျဆင်းလာဖို့လိုအပ်နေတယ်လို့ တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ယောက်က ပြောပါတယ်။
စက်သုံးဆီဈေးနှုန်းဟာ အနည်းငယ်သာကျဆင်းတာဖြစ်လို့ လုပ်ကိုင်ရာမှာသက်ရောက်မှု သိပ်မရှိသေးဘူးလို့ လည်း ရန်ကုန်မြို့က Taxi ယာဉ်မောင်းတစ်ယောက်က ပြောပါတယ်။ နေပြည်တော်အပါအဝင် တခြားတိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်း လက်လီ ဈေးတွေကလည်း အရင်နေ့ပေါက်ဈေးထက် အနည်းငယ်ကျလာတာကို တွေ့ရပါတယ်။