နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်တွေမှာ ဘယ်စက်သုံးဆီအမျိုးအစားတွေကို ဘယ်ဈေးနဲ့ လိုသလောက်ဝယ်ယူဖြည့်တင်းနိုင်ခြင်းရှိ/မရှိကို သိရှိနိုင်မဲ့ Software Applicationဖြစ်တဲ့ MPTA FM Applicationကို ရေးဆွဲပြီးစီးသွားပြီဖြစ်တယ်လို မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကနေ သိရပါတယ်။

ဒီApplicationကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနဲ့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို ပူးပေါင်းရေးဆွဲခဲ့တာဖြစ်တယ်လို ဆိုပါတယ်။ဒီApplicationမှာ စက်သုံးဆီအရောင်းဆိုင်တွေရဲ့တည်နေရာ၊ ဆိုင်ဖွင့်ချိန်/ပိတ်ချိန်၊ ရရှိနိုင်မဲ့စက်သုံးဆီအမျိုးအစားနဲ့ ရောင်းချတဲ့ဈေးနှုန်း စတဲ့သတင်းအချက်အလက်တွေ ပါဝင်တယ်လို သိရပါတယ်။

ဒီApplicationကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၁ရက်ကစပြီး Andriod Versionဖုန်းတွေအတွက် Google Playstoreမှာ Downloadရယူကာ အသုံးပြုနိုင်မှာဖြစ်ပြီး iOS Version ဖုန်းတွေအတွက် App Storeကနေ Downloadရယူနိုင်ဖို ဆောင်ရွက်နေတယ်လို သိရပါတယ်။