ကုမ္ပဏီတွေအနေနဲ့ အစုရှယ်ယာပြောင်းလဲတာနဲ့ ဒါရိုက်တာ ပြောင်းလဲတာ တင်ပြရာမှာ အငြင်းပွားမှု မရှိစေဖို့ အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO)မှာ အထောက်အထားတွေနဲ့အတူ တင်ပြဆောင်ရွက်ဖို့ လိုအပ် တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

အစုရှယ်ယာပြောင်းလဲတာကို တင်ပြရာမှာ ကုမ္ပဏီဒါရိုက်တာအဖွဲ့ရဲ့ အတည်ပြုဆုံးဖြတ်ချက်၊ လွှဲပြောင်းသူနဲ့ လွှဲ ပြောင်းလက်ခံသူတို့က လက်မှတ်ရေးထိုးပြီး ကျသင့်တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားတဲ့ အထောက်အထားပါရှိ တဲ့ သဘောတူစာချုပ်မိတ္တူကို တင်ပြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ဒါရိုက်တာပြောင်းလဲတာကို တင်ပြရာမှာတော့ ကုမ္ပဏီက ပြုလုပ်တဲ့ ရှယ်ယာရှင်တွေရဲ့ အစည်းအဝေးဆုံးဖြတ် ချက်၊ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းကို သဘောတူကြောင်း ခန့်အပ်ခံရသူ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ အထောက်အထား ဒါမှမဟုတ် ဒါရိုက်တာအဖြစ် နုတ်ထွက်ရင် နုတ်ထွက်ကြောင်း ကိုယ်တိုင်လက်မှတ်ရေး ထိုး ထားတဲ့ အထာက်အထားနဲ့တကွ မှတ်ပုံတင်မိတ္တူ ဒါမှမဟုတ် ပတ်စ်ပို့မိတ္တူတို့နဲ့အတူ ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

အခုလို အစုရှယ်ယာပြောင်းလဲမှုတွေနဲ့ ဒါရိုက်တာတွေ ပြောင်းလဲတဲ့အခါ အထောက်အထားတွေ တင်ပြရမှာ ဖြစ်တဲ့အတွက် ကုမ္ပဏီတွေအနေနဲ့ အငြင်းပွားမှုတွေ ရှိလာတဲ့အခါ ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုစေမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့က ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။အခုလို အထောက်အထားပူးတွဲပြီး တင်ပြလာတဲ့ လျှောက်လွှာပုံစံတွေကိုသာ စိစစ်အတည်ပြု ဆောင်ရွက် ပေး သွားမှာဖြစ်ပြီး အခုအသိပေးကြေညာချက်ဟာ ဇန်နဝါရီ ၈ ရက်ကစတင် အကျိုးသက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။