အခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဇန်နဝါရီလအထိ ၁၀ လအတွင်း ပြည်တွင်းရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၄ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၁၄၈ သန်း ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

အခုဘဏ္ဍာနှစ် ၁၀ လအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၂ ခု ဝင်ရောက်ထားပါတယ်။အခုဘဏ္ဍာနှစ် ၁၀ လ အတွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၅၇ သန်းကျော် တိုးမြှင့်လာတာ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၀ ကျော်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန် ဒေါ်လာ ၆၅၆ သန်းကျော် ရှိပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၄၄၆ သန်းကျော်နဲ့ အများဆုံး ဝင်ရောက်ထားပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။