ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) ကတစ်ဆင့် EPS စနစ်နဲ့ မြန်မာအလုပ်သမား ၁၄၄ ယောက်ကို ဇန်နဝါရီလ ၁၅ ရက်နေ့က စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
လုပ်သားတွေစေလွှတ်ရာမှာ ကုန်ထုတ်လုပ်ငန်းအတွက် လုပ်သားသစ် ၁၀၇ယောက်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအတွက် လုပ်သားသစ် ၃၇ ယောက် စုစုပေါင်း ၁၄၄ ယောက် စေလွှတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကိုရီးယားကို EPS စနစ်တစ်မျိုးထဲနဲ့ပဲ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက စေလွှတ်နေတာ ဖြစ်ပါတယ်။အခု၂၀၂၅ခုနှစ်အတွင်းမှာ ကိုရီးယားနိုင်ငံကို လုပ်သားတစ်သောင်းကျော် စေလွှတ်သွားဖို့ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးလုပ်သားတွေပါ စေလွှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။