ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ကိုရီးယားကို EPS စနစ်နဲ့ လုပ်သား ၉၉၃၆ ယောက် စေလွှတ်ခဲ့တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကနေ သိရပါတယ်။
ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုပ်သားတွေ စေလွှတ်ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွက် လုပ်သားစေလွှတ်မှုကိုတော့ လာမယ့်ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်မှာ စတင်စေလွှတ်မှာ ဖြစ်ပြီး လုပ်သားတစ်သောင်းကျော် စေလွှတ်သွားမှာဖြစ်ပါတယ်။ အသစ်ထပ်တိုးခေါ်ယူတဲ့ ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားအတွက် အမျိုးသမီးလုပ်သားတွေကိုလည်း စေလွှတ်သွားမှာဖြစ်တယ်လို့ POEA ကနေ သိရပါတယ်။