ကိုဗစ်-၁၉ ရန်ပုံငွေကနေ ထုတ်ချေးပေးထားတဲ့ ချေးငွေ အတိုး၊ အရင်း လုံးဝ မပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုကို နိုင်ငံပိုင်သတင်းစာကတစ်ဆင့် ကြေညာသွားမယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး သက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေး ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ရန်ပုံငွေကနေ ချေးငွေသက် တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)နဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီလကစတင်ပြီး ချေးငွေတွေ ထုတ်ချေးခဲ့တဲ့အတွက် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ/လုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ချေးငွေအရင်းနဲ့အတိုးတွေကို အမြန်ဆုံး ပြန်လည်ပေးဆပ်ဖို့ ၂၀၂၄ ခုနှစ် ဇွန်လ ၆ ရက်မှာ အသိပေး ကြေညာခဲ့ပြီး ဖြစ်သလို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်ကလည်း အတိုး၊ အရင်း လုံးဝမပေးဆပ်တဲ့ ကုမ္ပဏီ/ လုပ်ငန်း တွေကို နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်အသိပေးတာနဲ့ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူတာတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ပထမအကြိမ် အသိပေး ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

အဲဒါကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝ မပေးဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်း ၄၈၆ ခုကို ကုမ္ပဏီ/လုပ်ငန်း အမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာ အပြည့်အစုံတို့နဲ့တကွ နိုင်ငံပိုင်သတင်းစာမှာ ကြေညာသွားမှာ ဖြစ်တယ်လို့ အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။၂၀၂၅ ခုနှစ် ဇန်နဝါရီလထိ ကိုဗစ်-၁၉ ချေးငွေ ကျပ်ဘီလီယံ ၂၀၀ ထုတ်ချေးပေးထားရာမှာ ကျပ် ၁၁၈ ဘီလီယံကို ပြန်လည်ကောက်ခံရရှိထားပြီး ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေး ကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေတွေ နဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍကို ထုတ်ပေးထားတဲ့ ချေးငွေ တွေမှာလည်း ၂၀၂၅ ခုနှစ်အတွင်း ချေးငွေသက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်တယ်လို့ စီးပွားရေး သက် ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သိရပါတယ်။