မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂၅ သန်းကို ဇန်နဝါရီ ၂ ရက်မှာ FX Market Online Trading Platform ကတစ်ဆင့် ထုတ်ရောင်းပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုလို ထုတ်ရောင်းပေးရာမှာ ငွေလဲနှုန်းအနေနဲ့ အမေရိကန်တစ်ဒေါ်လာကို ၃၅၈၈ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ တရုတ်ယွမ် ၆ သိန်းကျော်ကို ငွေလဲနှုန်း တစ်ယွမ်ကို ၅၃၈ ကျပ်နှုန်း၊ ထိုင်းဘတ် ၂ ဒသမ ၄ သန်းကျော်ကို ငွေလဲနှုန်း တစ်ဘတ်ကို ၁၂၉ ဒသမ ၉ ကျပ်နှုန်းနဲ့ ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် အဆင်ပြေနိုင်ပြီး ပြင်ပ ဈေးကွက်မှာ ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆိုထားပါတယ်။