တရားဝင်မှတ်ပုံတင်ထားတဲ့ အွန်လိုင်းလုပ်ငန်း ၆၀၀၀ ကျော် ရှိပြီ ဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာန၊ သတင်း အချက်အလက် နည်းပညာဌာနခွဲကနေ သိရပါတယ်၊၊
မြန်မာနိုင်ငံအတွင်းက အွန်လိုင်းရောင်းချမှု ကဏ္ဍတွေနဲ့ ပတ်သက်ပြီး စားသုံးသူ အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေနဲ့ အခြားတည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲဒီလို ဆောင်ရွက်ပေးနေရာ စားသုံးသူတွေရဲ့ယုံကြည်မှုကို ပိုမိုရရှိစေနိုင်ရေးအတွက် အွန်လိုင်းမှတ်ပုံတင် လျှောက်ထားမှုတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နေရာ အခုဇူလိုင်လအထိ တရားဝင်မှတ်ပုံတင်ထားတဲ့ အွန်လိုင်း လုပ်ငန်းပေါင်း ၆၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်၊၊

စားသုံးသူတွေ မနစ်နာစေရေးအတွက် အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းအဖြစ်သတ်မှတ်ပြီး အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၂၁ ရက်က အမိန့်ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မှတ်ပုံတင်ခြင်းမရှိဘဲ အွန်လိုင်းက ဈေးရောင်းချသူတွေကို စစ်ဆေးတွေ့ရှိရင် တော့ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။