၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်မယ့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၂၀၀)ကျပ် တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးကို ဇန်နဝါရီလ(၄)ရက်မှာ ရောင်းချပေးသွားမယ်လို့ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်ပါတယ်။

အဲဒီစာပို့တံဆိပ်ခေါင်းသစ်တွေကို ဇန်နဝါရီလ(၄)ရက်၊ မနက်(၉)နာရီခွဲ အချိန်ကစပြီး နေပြည်တော် ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင် တည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတို့မှာ ဇန်နဝါရီလ (၄)ရက်မှာ ဝယ်ယူတဲ့ စာပို့တံဆိပ် ခေါင်းတွေနဲ့ ပထမနေ့စာအိတ်တွေပေါ်မှာ နေ့စွဲအမှတ် အသားတံဆိပ်တွေ ရိုက်နှိပ်ပေးသွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ တံဆိပ်ခေါင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်တွေမှာ ဝယ်ယူနိုင်ဖို့ ဖြန့်ဝေထား ရှိပြီးဖြစ်တယ်လို့လည်း မြန်မာ့စာတိုက်လုပ်ငန်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။