မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)က စီဂျီအို (CGO) ဂါလန် ၉ သိန်းနဲ့ ရေနံစိမ်းဂါလန် ၂၆၀၀၀၀ ကျော်ကို တင်ဒါခေါ်ယူရောင်းချသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
တင်ဒါခေါ်ယူရောင်းချတာကိုတော့ စီဂျီအို (CGO) ဂါလန် ၉ သိန်းအတွက် လာမယ့် စက်တင်ဘာ ၃ ရက်၊ ၂၄ ရက် နဲ့ အောက်တိုဘာ ၁၅ ရက်တွေမှာဆောင်ရွက်မှာဖြစ်ပြီး ရေနံစိမ်းဂါလန် ၂၆၀၀၀၀ ကျော်အတွက် စက်တင်ဘာ ၅ ရက်မှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။

တင်ဒါအဆိုပြုလွှာကိုတော့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)၊ နေပြည်တော်မှာတင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။ တင်ဒါခေါ်ယူတာနဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုရင်တော့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာနကို ရုံးချိန်းအတွင်း ဆောင်ရွက်မေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။