ရန်ကုန်မြို့မှာ ဇွန်လဒုတိယအပတ်ကစပြီး ဇူလိုင်လလယ်အထိ အိမ်သုံး(LPG)ဂက်စ်ဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်နေသလို ဂက်စ်အရောင်းဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေလည်း ရှိနေတယ်လို့ ဂက်စ်အရောင်းဆိုင် တွေနဲ့ ဂက်စ်အသုံးပြုသူတွေက One News ကို ပြောပါတယ်၊၊
အိမ်သုံးဂက်စ်ဝယ်ယူရာမှာ အရင်က မီးဖိုချောင်သုံး ဂက်စ်ဘူးသေး တစ်ဘူးကို ၈၀၀ ကျပ်ကနေ လက်ရှိမှာ ကျပ် ၁၈၀၀ နီးပါးရှိပြီး ဂက်စ်တစ်ပိဿာကိုတော့ အရင်က ၇၅၀၀ ကျပ်ကနေ လက်ရှိမှာ ကျပ်တစ်သောင်းကျော်အထိ စျေးနှုန်း တဖြည်းဖြည်း မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
သင်္ဘောတွေ အဝင်မရှိသေးတာတွေကြောင့် အိမ်သုံးဂက်စ်တွေဟာ ပစ္စည်းပြတ်လပ်နေတာဖြစ်ပြီး ဂက်စ် စျေးနှုန်း တွေလည်း စျေးနှုန်းမြင့်တက်လာတယ်လို့ ရန်ကုန်မြို့ ဂက်စ်အရောင်းဆိုင်တစ်ဆိုင်က တာဝန်ရှိသူ တစ်ယောက် က ပြောပါတယ်၊၊
လက်ရှိမှာ အိမ်သုံးဂက်စ်တွေကို ထိုင်းနိုင်ငံကနေ အဓိကထား တင်သွင်းနေရတာဖြစ်ပြီး အခုလကုန်လောက်မှာ ဂက်စ်တင်တဲ့ သင်္ဘောတွေလည်း ဝင်ရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်၊၊