ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ ဇူလိုင်၃၁ ရက်က အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရတယ်လို့ ယာဉ်မောင်းတချို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဇူလိုင် ၃၀ ရက် ညနေပိုင်းလောက်က စပြီး စက်သုံးဆီဆိုင်တချို့မှာ အခုလို အချိန်ကြာမြင့်စွာ ဝယ်ယူနေရတာဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင် တချို့ လည်း အရောင်းပိတ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က စက်သုံးဆီဆိုင်အချို့မှာတော့ အချိန် ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရပေမယ့် စက်သုံးဆီ အမျိုးအစားအချို့တော့ လိုသလောက် ထည့်လို့ရနေသေး တယ်လို့ ကုမ္ပဏီယာဉ်မောင်းတစ်ယောက်က One News ကို ပြောပါတယ်။

ဆီဆိုင်အချို့ကတော့ ဝယ်ယူရရှိနိုင် တဲ့ ဆီအမျိုးအစားတွေကိုသာ ဈေးနှုန်း ဖော်ပြထားပြီး ရောင်းချပေးနိုင်တာ မရှိတဲ့ စက်သုံးဆီအမျိုးအစားတွေကို ဈေးနှုန်းဖော်ပြတာမရှိဘူးလို့ သိရပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဇူလိုင် ၃၁ ရက်အတွက် ရန်ကုန် မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းဈေးတွေကတော့ အောက်တိန်း 92 တစ်လီတာကို ၂၆၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၇၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၇၇၀ ကျပ် သတ်မှတ်ထားပါတယ်။