မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအသစ် ၃ ခုကို ခွင့်ပြုပေးခဲ့တယ်လို့ ဇွန်လ၂၈ ရက်က ပြုလုပ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကနေ သိရပါတယ်။
အခုခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုအသစ် ၃ ခုက စက်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနဲ့ သတ္တုတူးဖော်ရေး ကဏ္ဍတွေမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၈၆ သန်းကျော်နဲ့ ကျပ်၂၇ ဘီလီယံခွဲရှိတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ/ဒေသ ၅၃ ခုထဲမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍတွေထဲမှာ လည်း စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက ၂၈ ဒသမ ၄၇ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်တယ်လို့ သိရပါတယ်။