ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုလိုက်ပါတယ်။

အဲဒီလုပ်ငန်းတွေကို ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ (၁၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုပေးလိုက်တာပါ။ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကဏ္ဍနဲ့ စက်မှုကဏ္ဍတွေမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ အတည်ပြုပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ဝင်ရောက် ရင်းနှီး မြှုပ်နှံမှာ ဖြစ်ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်း ပမာဏဟာ ကျပ်သန်းပေါင်း ၁,၁၈၀ သန်း နဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၀ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၄၄၀ အတွက် ဖန်တီး ပေးနိုင်မယ်လို့ သိရပါတယ်။